သတင်းများ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မိုးရာသီကာလ သစ်ပင်များစိုက်ပျိုးနိုင်​ရေး သစ်တောဦးစီးဌာန၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်တွင်လူထုဖြန့်ပျိုးပင်များ စိုက်ပျိုးထားရှိမှု ကြည့်ရှုအား​ပေး
May 26,2025
မွန်ပြည်နယ်တွင် သဘာဝသစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေးနှင့် သစ်တောပြုန်းတီးမှုများ လျော့ချနိုင်ရေးတို့ကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ​မေလ ၂၄ ရက်​နေ့၊ နံနက်ပိုင်းက သစ်​တောဦးစီးဌာန မော်လမြိုင်မြို့၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်တွင် ပြည်နယ်သစ်​​တောဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးမှ ပြည်နယ်အတွင်း ပျိုးခင်းအတွင်း အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်မြန်သစ်မျိုးများ၊ အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများနှင့် ဒီ​ရေ​တောပျိုးပင် စိုက်ပျိုးဆောင်ရွက်ထားရှိမှုအ​ခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းမှာရှိသည့် မြို့နယ်များသို့ လာမည့်မိုးရာသီကာလတွင် လူထုဖြန့်ပျိုးပင်များ ဖြန့်ဖြူးစိုက်ပျိုးနိုင်​ရေးပျိုးပင်များအားစနစ်တကျ စိုက်ပျိုးထားကြရန်၊ စိုက်ပျိုးပြီးအပင်များကိုလည်း တစ်ပင်စိုက်တစ်ပင်ရှင်စနစ်​ဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန်၊ ပျိုးသက် ၂ နှစ်အထက်အပင်များ စိုက်ပျိုးရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အ​လေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၆၉၉၉၉ ဧက လျာထားစိုက်ပျိုးမည်
May 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၆၉၉၉၉ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရေနံချောင်းမြို့နယ်၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 26,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်စေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာကျောင်းအုပ်ကြီးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၄ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။
ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ မိသားစုဝင်ငွေတိုး အခြေခံစက်ချုပ်နည်းပညာ သင်တန်းဖွင့်လှစ်
May 26,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေးတိုးရေးစီမံကိန်းများမှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး
May 26,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်စေတီတော်၊ ဆိပ်ကမ်းဓမ္မာရုံတွင် မေ (၈) ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် ဇွန် (၁၄) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော စုပေါင်းသွေးလှူဒါန်းနေမှုများအား ကြည့်ရှုအားပေးသည်။
နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား တိုင်းရင်းဆေးဖြင့် ‌ကျန်းမာရေးစောင့်ရှောက်မှုပေး
May 26,2025
နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ ရှားစေးဖိုကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးရွာအတွင်းမှ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ နောင်တောင်း ဗုဒ္ဓကောလိပ် (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်
May 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ နောင်တောင်း ဗုဒ္ဓကောလိပ် (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်က နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ ကြက်နှင့် ငါးမွေးမြူရေးခြံ အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းဆင်းကြည့်ရှု
May 26,2025
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ ဦးသန်းထွန်းဝင်း၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ဦးစွာရှင်းလင်းဆောင်တွင် ပြည်နယ်မွေးမြူးရေးကုသရေးဦးစီးဌာန ညွှန်းကြားရေးမှူးက ပြည်နယ်အတွင်း ကြက်၊ ဝက်၊ ဘဲမွေးမြူထားရှိအောင်မြင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာသမားရိုးကျနည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များအသုံးပြုမွေးမြူသည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးခြံသန့်ရှင်းရေးဆောင်ရွက်မှုနှင့် ရောဂါကူးစက်မှု မဖြစ်ပွားစေရေး ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ မွေးမြူးရေးခြံအတွင်း ဥစားကြက်အကောင်ရေ (၆၅၀၀) ကောင် မွေးမြူးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။