ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား
May 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ယနေ့ နံနက် ၁နာရီခွဲအချိန်ခန့်က အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေတွင် ကမ်ခြေမှ အလျား (၂၀၀) ပေ၊ အနံ (၅၀) ပေခန့်နှင့် ရန်ကင်းစံရာကျေးရွာအုပ်စု၊ အနောက်ကျွန်းကျေးရွာတွင် ကမ်းခြေမှ အလျား (၂၅၀) ပေ၊ အနံ (၅၀) ပေခန့် ပြိုကြမှုဖြစ်ပွားခဲ့သည်။