ကမမောင်း မေ ၂၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အ.ထ.က(ကမမောင်း) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအလယ်တန်း ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းနားသို့ ဖာပွန်မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုး၊ ဖာပွန်မြို့နယ်ပညာရေးမှူး ဦးသိန်းဦး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ တတ်ရောက်ခဲ့ကြပြီး မြေစိုက်ဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၆ ခုနှစ်၊ မေလ(၂၅) ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)