သတင်းများ

အုတ်တွင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းပပျောက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
May 26,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းပပျောက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်
May 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကံကြီးပိုင်းရပ်ကွက်နှင့် အ-ထ-က(၁)၊ အ-ထ-က (၂) ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်၍ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါကျောင်းနှင့်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား တွံတေး၌ ကျင်းပ
May 26,2025
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ပညာရတနာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ
May 26,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြင့်မိုရ်ကိုယ်ပိုင်အထက်ကျောင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို မေလ(၂၄)ရက်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
May 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက အမှတ် (၃) ရပ်ကွက်အတွင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
သန်လျင်မြို့နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 26,2025
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ သန်လျင်ခရိုင် သန်လျင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့ အ.ထ.က (၁) ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
ကော့မှူးတွင် ဆန်ဆိုင်များ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး
May 26,2025
ဆန်ရောင်းချသူများအနေဖြင့် ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ရောင်းချမှု ရှိ/မရှိ အခြေအနေများအား လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ် အခမဲ့ပုံမှန်ပြေးဆွဲပေး
May 26,2025
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တွင် လာရောက်တာဝန်ထမ်းဆောင်လျှက်ရှိသော ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ သွားလာမူအဆင်ပြေစေရန်အတွက် နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ်ခရီးစဉ်ကို တစ်လလျှင်တကြိမ် အခမဲ့ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။