သတင်းများ

လေးမျက်နှာ၌ အေးခဲအသားများ၊ ကုန်ညွှန်းအမှတ်အသား ကိုက်ညီမှုမရှိသော အလှကုန်ပစ္စည်းများ စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၌ တရာမဝင် အေးခဲအသားများ (ကြက်သား၊ ကြက်ကလီစာ)၊ ကုန်ညွှန်းအမှတ်အသား ကိုက်ညီမှုမရှိသော အလှကုန်ပစ္စည်းများ စျေးကွက်အတွင်း တင်သွင်း ရောင်းချခြင်း မရှိစေရန်အတွက် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီက အောင်မင်္ဂလာစျေးနှင့် မြို့ပေါ်ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
သစ္စာစီမံချက်ဖြင့် မြန်အောင်မြို့ အမှတ် (၆) ရပ်ကွက်၌ မဲစာရင်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား နံပတ်များ ဖြည့်သွင်း ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ကြည့်ရှုစစ်ဆေ
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား နံပတ်များ ဖြည့်သွင်းပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြန်အောင်မြို့အမှတ် (၆) ရပ်ကွက်တွင် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဆောင်ရွက်ထားရှိ
Sep 04,2020
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ဩဂုတ်လ ၂၈ ရက်နေ့ကစတင်၍ ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Sep 04,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ (CERP) အရ ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက် ပျိုးရာသီအတွက် မျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ်မျိုးစေ့နှင့် စိုက်ပျိုးစရိတ်ဖိုး ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉နာရီက ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည် နှိုးဆော်
Sep 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေး၊ အရေးပေါ်တုံပြန်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ(၅)နာရီက မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်များအတွင်းသို့ သွားရောက်ကာ လှည့်လည်နှိုးဆော်ခဲ့‌ကြောင်းသိရသည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာ ပေးခြင်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Sep 04,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ရပ်ကွက်များအတွင်းရှိပြည်သူများသို့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်‌ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်း အချိန်ကအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခဲ့ကြသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ တိရစ္ဆာန်မွေးမြူရေးဟောပြောပွဲနှင့် တိရစ္ဆာန် ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်
Sep 04,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခင်ဒူကောင်ကျေးရွာ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက တိရစ္ဆာန်မွေးမြူရေး ဟောပြောပွဲနှင့် တိရစ္ဆာန်ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မိုင်းပန်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားရာ၌ မဲစာရင်းတိကျမှန်ကန်မှုရှိစေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေငြာရာ၌ မဲစာရင်း တိကျမှုရှိစေရန်အတွက် ယနေ့ နံနက် (၁ဝ) နာရီအချိန်တွင် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ နမ့်ပန်ခန်းအတွင်း၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ခဲ့ကြောင်း သိရသည်။