မြန်အောင် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား နံပတ်များ ဖြည့်သွင်း ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းဆောင် ရွက်လျက်ရှိရာ ယနေ့နံနက်က မြန်အောင်မြို့အမှတ် (၆) ရပ်ကွက်တွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သစ္စာစီမံချက်ဖြင့် မဲစာရင်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား နံပတ်များဖြည့်သွင်းပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူ များအား ဆောင်ရွက်ပေးမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်လှိုင်နှင့်အဖွဲ့ဝင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက် ဦးဆောင်သော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ရပ်ကွက်/ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက် ပေးရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှုးရုံးမှ မြို့ နယ်ဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သော ဝန်ထမ်းများက မဲစာရင်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား နံပတ်များ ဖြည့်သွင်းပေးခြင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ (၁၁၀) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ်၊ မြန်အောင် ပြန်/ဆက်