လေးမျက်နှာ၌ အေးခဲအသားများ၊ ကုန်ညွှန်းအမှတ်အသား ကိုက်ညီမှုမရှိသော အလှကုန်ပစ္စည်းများ စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လေးမျက်နှာ  စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၌ တရာမဝင်အေးခဲအသားများ (ကြက်သား၊ ကြက်ကလီစာ)  ကုန်ညွှန်းအမှတ်အသား ကိုက်ညီမှုမရှိသော အလှကုန်ပစ္စည်းများ စျေးကွက်အတွင်း တင်သွင်း ရောင်းချခြင်း မရှိစေရန်အတွက် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့ နံနက် နာရီက အောင်မင်္ဂလာစျေးနှင့် မြို့ပေါ်ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သယာရေးအဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စျေးကော်မတီများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က လေးမျက်နှာမြို့ အောင်မင်္ဂလာစျေးအတွင်း သား၊ ငါးအရောင်းဆိုင်များတွင် တရားမဝင် အေးခဲအသားများ(ကြက်သား၊ ကြက်ကလီစာ) တင်သွင်းရောင်းချခြင်း ရှိ/မရှိကို လည်းကောင်း၊ မြို့ပေါ်ရှိ အလှကုန်ပစ္စည်း ဆိုင်များအတွင်း ကုန်ညွှန်းအမှတ်အသား ကိုက်ညီမှုမရှိသော Mistine အလှကုန်ပစ္စည်းများနှင့် အခြားအလှကုန် ပစ္စည်းများ၊ ဟင်းချိုမှုန့် (AJINOMOTO)စသည့် လူသုံးကုန် ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဉပဒေ(၂၀၁၉)အရ မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိတို့ကို  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စျေးကွက်အတွင်း စစ်ဆေးတွေ့ရှိသည့် တရားမဝင်အေးခဲအသားများကို အလေးချိန်ချိန်တွယ်ခြင်း၊ ရောင်းချသူ အား စစ်ဆေးမေးမြန်းခြင်း၊ သိမ်းဆည်းခြင်း၊ သိမ်းဆည်းရမိသည့် အေးခဲအသားများကို ဆေးဖျန်းမြေမြုပ် ဖျက်ဆီးခြင်းနှင့် နောက်နောင်ရ ောင်းချခြင်းမပြုရန် ဝန်ခံကတိ လက်မှတ်ရေးထိုးခြင်း၊ စည်ပင်သယာရေး ဉပဒေအရ အဆိုပါတားမြစ် ကုန်ပစ္စည်းများ စျေးကွက်အတွင်း တွေ့ရှိပါက ဒဏ်ငွေချမှတ်ခြင်းနှင့် စျေးရောင်းချခွင့် ကန့်သတ်ပိတ်သိမ်းခြင်းများကို ဉပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စျေးကွက်အတွင်း ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသည့် Mistine အလှကုန်ပစ္စည်းများနှင့် အခြားအလှကုန်ပစ္စည်းများ၊ ဟင်းချိုမှုန့် (AJINOMOTO) စသည့် လူသုံးကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချနေကြောင်း တွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဉပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စျေးအတွင်း နှာခေါင်းစည်း(Mask)များ တပ်ဆင် ရောင်းချသွားရန်၊ နှာခေါ်းစည်း(Mask) မတပ်ဆင်ပါက စီမံဒဏ်ကြေးငွေ တပ်ရိုက်ခြင်းခံရမည့်အပြင် စျေးဆိုင်အား ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း တို့ကို စျေးအတွင်း (Handspeaker)ဖြင့် အသိပေး နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)