ငဖဲ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ (CERP) အရ ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက် ပျိုးရာသီအတွက် မျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ်မျိုးစေ့နှင့် စိုက်ပျိုးစရိတ်ဖိုး ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉နာရီက ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ငဖဲမြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးလွင်က မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများ အနေဖြင့် သန့်ရှင်းသော မျိုးကောင်း မျိုးသန့် မျိုးစပါးများ ရရှိရေး နည်းလမ်းတကျ စိုက်ပျိုးဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းက မြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း (၁၃၅) ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ မိုးစပါး မျိုးစေ့စိုက်ပျိုး ထုတ်လုပ်ရာတွင် လိုက်နာရမည့် အချက်များနှင့် တောင်သူများအား မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ်ယူသုံးစွဲနိုင်ရန်ထောက်ပံ့ ငွေများ ပေးအပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် ဧရာမင်းမိုးစပါးမျိုးစေ့ထုတ် တောင်သူ (၄၁) ဦး စိုက်ဧက (၅၀) အတွက် တစ်ဧက လျင် မျိုးစေ့ဖိုးငွေကျပ် ၁၀၅၀၀ နှုန်းနှင့် စိုက်ပျိုးစရိတ် ၇၅ဝဝဝိ/-ကျပ်နှုန်းဖြင့် ကျေးရွာအုပ်စု (၇) အုပ်စုမှ စုစုပေါင်းတောင်သူ (၄၁) ဦးထံသို့ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ငွေကျပ် ၄၂၇၅ဝဝဝိ/- ကို တာဝန် ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ငဖဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးမျိုးစေ့ထုတ်ခြင်းလုပ်ငန်းကို ကျေးရွာအုပ်စု(၈)အုပ်စုတွင် ဧရာမင်းမျိုးစေ့ထုတ်စိုက်ဧက ၉၅ ဧကနှင့် မနောသုခမျိုးစေ့ ထုတ်စိုက်ဧက(၄၀)ဧက စုစုပေါင်း တောင်သူ(၉၅)ဦး၏လယ်မြေ ၁၃၅ ဧကတွင် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မယု(ငဖဲ)