မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာ ပေးခြင်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မရမ်းကုန်း စက်တင်ဘာ ၄

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ် ရပ်ကွက်များအတွင်းရှိပြည်သူများသို့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်‌ရေးနှင့် ပတ်သက်သည့် အသိပညာ ပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်း အချိန်ကအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား‌သော ပြည်သူများသို့ ပန်ကြား ချက်များ၊ အမိန့်ကြော်ငြာစာများ၊ ရပ်ကွက်အတွင်း နေထိုင် ကြသော ပြည်သူများအနေဖြင့် အပြင်ထွက် တိုင်း နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်ကြရန်နှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီး တိုင်း လက်ကိုဆပ်ပြာဖြင့်မိနစ်(၂၀)ခန့်ဆေးကြရန်နှင့် ပြည်သူများအားလုံး ပူးပေါင်း ပါဝင်ကြပါ ရန် Hand Speaker များ၊ အသံချဲ့စက်များဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)