သတင်းများ

မျိုးစေ့ထုတ်စိုက်ခင်းနှင့် စိုက်နည်းစနစ်စမ်းသပ်ကွက်များတွင် မျိုးကွဲနုတ်ပယ်ခြင်းနှင့် ပိုးမွှား၊ ရောဂါကြိုတင်ကာကွယ်ခြင်းဆောင်ရွက်
Sep 03,2020
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် COVID-19 Economic Relief Plan (CERP)ဖြင့် ဆောင်ရွက်သော ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းနှင့် စိုက်နည်းစနစ်စမ်းသပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက မျိုးကွဲ နုတ်ပယ်ခြင်းနှင့် သီးနှံကာကွယ်ရေး ပိုးမွှား၊ ရောဂါကျရောက်မှုမရှိစေရန် ကြိုတင် ကာကွယ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေ့ပြောင်းတောင်ယာစနစ်မှ အမြဲတမ်းယာခင်းစနစ်သို့ စိုက်ပျိုးနိုင်ရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား “ဝ”ဥ စိုက်ခင်းစံပြနမူနာ ရှင်းလင်းပြသ
Sep 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ကျေးရွာရှိ ယာခင်းများနှင့် တောင်ကုန်းတောင်တန်းပေါ်တွင် စီးပွားဖြစ် “ဝ”ဥများ စနစ်တကျ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၉)ဉီးထပ်မံဝင်ရောက်
Sep 03,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၁ ရက်နေ့၊ညနေ(၆)နာရီအချိန်က(၄)ဉီး နှင့် ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန် က(၁၅)ဉီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၉)ဉီး ထပ်မံဝင်ရောက် လာခဲ့ ကြောင်း သိရသည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ
Sep 03,2020
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ၂၀၂၀ပြည့်နှစ် ယမန်နေ့ နံနက် (၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြ ကြောင်းသိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 03,2020
ဒက္ခိဏသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ယမန်နေ့က ဒက္ခိဏသီရိရပ်ကွက် ဟိုတယ်ဇုန်(၁)ရှိ ဟိုတယ်(၂၄)လုံးသို့သွားရောက်ပြီး မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန်၊ မဲစာရင်းများ ပြည့်စုံ မှန်ကန်မှုရှိစေရန်အတွက် မဲဆန္ဒရှင်စာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို အဖွဲ့လိုက် အဖွဲ့ခွဲ၍ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မိုင်းပန်မြို့၌ စီးပွားဖြစ် ပဲပုတ်မျိုးစေ့ထုတ်လုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆောင်ရွက်
Sep 03,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပဲပုတ် မျိုးကောင်းမျိုးသန့်ရရှိရန်၊ မြို့နယ်အတွင်း ကုန်ချောပြုလုပ်ရာ၌ အရည်အသွေးကောင်းမွန်သည့် ကုန်ချောများ ရရှိစေရန်၊ အခြားမြို့များသို့ ပို့ဆောင်၍ ရောင်းချရာတွင်လည်း အရည်အသွေးမြင့်၍ ဈေးကွက်ရရှိစေရန်အတွက် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စက်တင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် ပဲပုတ်စိုက်တောင်သူ (၄) ဦး၏ စိုက်ခင်းများသို့ သွားရောက်၍ လိုအပ်မည့် သွင်းအားစု နည်းပညာများ ပံပိုးကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ပြင်ပသွားလာရာ၌ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်
Sep 02,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ပြင်ပသို့သွားလာရာ၌ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်သွားလာစေရန်အတွက် Mask တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီမှ (၉)နာရီထိ မြစ်သားမြို့ ဘိုးဘွားရိပ်သာရှေ့တွင် အသိပညာပေးကာလအဖြစ် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။