မိုင်းပန် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေငြာရာ၌ မဲစာရင်း တိကျမှုရှိစေရန်အတွက် ယနေ့ နံနက် (၁ဝ) နာရီအချိန်တွင် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ နမ့်ပန်ခန်းအတွင်း၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေငြာပြီးနောက် မြေပြင်ရှိ လူဦးရေစာရင်းနှင့် ကွဲလွဲမှုမရှိစေရန်အတွက် မြို့နယ်အတွင်း၌ တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းကောက်ခံခဲ့မှုစာရင်းဇယားများနှင့် ကိုက်ညီ၍ တိုက်ဆိုင်စစ်ဆေးနေမှု အခြေ အနေ များနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်ကပ်ထားကြေငြာရာ၌ မဲစာရင်း တိကျမှန်ကန်မှု ရှိစေရန် တာဝန်ရှိသူများအား ညှိနှိုင်းဆွေးနွေးစေခဲ့ကြောင်း သိရသည်။ ဆက်လက် ၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဒေါ်နန်းဆွယ်ငင်းမှ ဆန္ဒရှင် မဲစာရင်း များအား တိုက်ဆိုင် စစ်ဆေး နေမှုအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများနှင့် စာရင်း ကိုက်ညီ မှုရှိစေရန် ညှိနှိုင်းခဲ့ကြောင်းသိရသည်။
ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေငြာရန် သတ်မှတ် သည့် ရက်နေ့တွင် အချိန်နှင့် တပြေးညီကပ်ထားကြေငြာသွားမည် ဖြစ်ကြောင်းနှင့် လုပ်ငန်း ညှိနှိုင်း အစည်း အဝေးသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တစ်အိမ်တက် တစ်အိမ်ဆင်း မဲဆန္ဒရှင် စာရင်းများအား ကွင်းဆင်းကောက်ခံခဲ့ကြသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေး ဝန်ထမ်း များ တက်ရောက် ညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိသည်။
ဆန်းမြင့်(ပြန်/ဆက်)