သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် ကျန်းမာရေး စစ်ဆေးရေးဂိတ် လေးခုဖွင့်လှစ်ထားသွားမည်
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် ကျန်းမာရေးစစ်ဆေးရေး ဂိတ်လေးခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီအချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများ ပေးအပ်
Aug 27,2020
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ စားဝတ်နေရေးနှင့် အလုပ်အကိုင်များ အခက်အခဲမဖြစ် စေရေးအတွက် ထောက်ပံပေးသည့် ထောက်ပံငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင် ထန်းတပင်မြို့နယ်ရှိ သီရိရတနာရပ်ကွက်နှင့် အောင်သုခရပ်ကွက် များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ် အရောက် စနစ်တကျ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကာမိုင်းမြို့၌ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask)မတပ်ဆင်သူများအား အခုဝယ် အခုတပ် ဒဏ်ရိုက်စနစ်ဆောင်ရွက်
Aug 27,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ပြည်သူများ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား အခုဝယ်အခုတပ် ဒဏ်ပေး စနစ်ဖြင့် ယမန်နေ့ ညနေ(၃)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask campaign ပြုလုပ်
Aug 27,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် Mask တပ်ဆင် သွားလာစေရန် အသိပညာပေးခြင်းနှင့် Mask campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်လှည့်လည်နှိုးဆော်
Aug 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များကို နေ့စဉ်လှည့်လည်နှိုးဆော်လျက် ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် ကိုယ်ဝန်ဆောင်မိခင်များအား ငွေကျပ် သုံးသောင်းထောက်ပံ့ပေးမည့် (Ngwe Bike) Application တွင် စာရင်းပေးသွင်းနိုင်ရေး စီစဉ်ဆောင်ရွက်
Aug 27,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များ ထောက်ပံ့ခြင်းကို ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်တိုင်း အတွက် တစ်ကြိမ်တည်း ၃၀၀၀၀/- (သုံးသောင်း ကျပ်တိတိ) ကို ထောက်ပံ့ပေး သွားမည်ဖြစ်သည်။ ထိုသို့ထောက်ပံ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ငွေဗိုက် (Ngwe Bike) Application ကို Download ပြုလုပ်၍ စာရင်းပေးသွင်းရမည်ဖြစ်ရာ ကိုယ်ဝန်ဆောင်မိခင်များကို ပုံမှန် ထောက်ပံ့ပေးနေသည့် ဒေသများတွင် မပါဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များသာ အဆိုပါ ထောက်ပံ့မှုကို ရရှိမည်ဖြစ်သည်။
ကျောက်ဆည်မြို့နယ်တွင် ထွန်စက်နှင့်တွဲဖက်အသုံးပြုသော ကြားပေါင်းလိုက်/စိုက်တန်းဖော်ကိရိယာ စမ်းသပ်သရုပ်ပြ
Aug 27,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း) ကျောက်ဆည်မြို့မှ သုတေသနပြုစမ်းသပ်ထုတ်လုပ်ထားသော စပါးအတန်းလိုက်စိုက်ခင်းများတွင် ကြားပေါင်းလိုက်ပေးခြင်း၊ စပါးကြဲခင်းများတွင် လေဝင်လေထွက် ကောင်းမွန်စေရန်နှင့် ရောဂါပိုးမွှားကင်းစင်စေရန်အတွက် အတန်းလိုက်ကောက်ပင်လိုင်းများ ဖော်ပေးခြင်းများဆောင်ရွက်ပေးနိုင်သည့် ထွန်စက်ကြီးဖြင့် တွဲဖက်အသုံးပြုသော ကြားပေါင်းလိုက်/စိုက်တန်းဖော်ကိရိယာအား ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ငှက်ကတောင်ကျေးရွာရှိ တောင်သူဦးတူး၏ စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသောစိုက်ကွင်း၌ စမ်းသပ်သရုပ်ပြမောင်းနှင်ခဲ့ကြောင်း သိရသည်။
လွယ်ဂျယ်စျေးအတွင်း၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် Masks များအခမဲ့ဖြန့်ဝေ
Aug 27,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့စျေးအတွင်း၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးပြောကြားပြီးMasks များအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၇ နာရီတွင် ဆောင်ရွက်ခဲ့သည်။