ထန်းတပင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ထန်းတပင်(ပဲခူး) ဂုတ် ၂၇

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ စားဝတ်နေရေးနှင့် အလုပ်အကိုင်များ အခက်အခဲမဖြစ် စေရေးအတွက် ထောက်ပံပေးသည့် ထောက်ပံငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင် ထန်းတပင်မြို့နယ်ရှိ သီရိရတနာရပ်ကွက်နှင့် အောင်သုခရပ်ကွက် များတွင် သက်ဆိုင်ရာ တာဝန်ရှိ သူများက ပြည်သူများ လက်ဝယ် အရောက် စနစ်တကျ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အနေဖြင့် ယခင်က ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစား သောက်ကုန် (၅)မျိုး၊ ဒုတိယ အကြိမ် ငွေကြေး (၁၅၀၀၀)ကျပ် ၊ တတိယအကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) ကျပ်ဖြင့် ထောက်ပံ့ငွေ ပေးခဲ့ပြီး ယခုအခါ ရပ်ကွက်/ ကျေးရွာအုပ်စု (၃၅)အုပ်စု အတွက် အခြေခံအိမ်ထောင်စု စုစုပေါင်း (၁၄၃၃၈)စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) ကျပ်အား သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)