သတင်းများ

ပြင်ဦးလွင်မြို့တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်
Aug 27,2020
ပြည်သူများ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝးကို ယနေ့နံနက် (၉) နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကွတ်ခိုင်မြို့၌ COVID-19 ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ဒေသခံ တောင်သူများထံ ထောက်ပံ့ငွေများ ပေးအပ်
Aug 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ COVID-19 ရောဂါကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ ဒေသခံတောင်သူများထံ မျိုးစေ့နှင့်စိုက်ပျိုးစရိတ် ထောက်ပံ့ငွေများကိုယမန်နေ့ နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပေးအပ်သည်။
မအူပင်မြိုနယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ကွင်းဆင်းစစ်ဆေး
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့မစျေးအတွင်း ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားနှင့် ပတ်သက်ပြီး လိုက်နာမှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူမှ ကွင်းဆင်းစစ်ဆေး
Aug 27,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့်ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများအား ယနေ့က စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့အဝင်နေရာများ၌ COVID-19 ရောဂါ စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်
Aug 27,2020
ရှမ်းပြည်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့အဝင်နေရာများ၌ ဧပြီ လကုန်ပိုင်းမှစတင်၍ ရပ်နားထားခဲ့သည့် COVID-19 ရောဂါစစ်ဆေးရေးဂိတ်များကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိုးမောက်မြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ
Aug 27,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးခန်းမ၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။
ပင်လောင်းမြို့နယ်တွင် မြစိမ်းရောင်ရန်ပုံငွေ အတိုးရငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ကွင်းဆင်းစစ်ဆေး
Aug 27,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ရန်ပုံငွေ အတိုးရငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လုံးပိုးကျေးရွာ စာသင်ကျောင်းအဝင်ပေါက် သံပန်းသံတံခါး (၄)ပေါက်တပ်ဆင်ခြင်းနှင့် (၃၀၀ပေ-၁၂ပေ) ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။