လသာ ဩဂုတ် ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် Mask တပ်ဆင် သွားလာစေရန် အသိပညာပေးခြင်းနှင့် Mask campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများက နှာခေါင်းစည်း မတပ်ဆင်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း လိုအပ်သူများအား နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ အပြင် ထွက်သည့်အခါ စျေးရောင်း စျေးဝယ်ပြုလုပ်သည့်အခါတိုင်း နှာခေါင်းစည်းတပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများကို မလိုအပ် ဘဲ သွားလာခြင်းမပြုရန် စသည်တို့ကိုလည်း Hand Speaker များနှင့် ပြည်သူများ သိရှိနိုင်စေရန်အတွက် ကြေညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေသူ(ပြန်/ဆက်)