ရန်ကုန် ဩဂုတ် ၂၇
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များ ထောက်ပံ့ခြင်းကို ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်တိုင်း အတွက် တစ်ကြိမ်တည်း ၃၀၀၀၀/- (သုံးသောင်း ကျပ်တိတိ) ကို ထောက်ပံ့ပေး သွားမည်ဖြစ်သည်။ ထိုသို့ထောက်ပံ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ငွေဗိုက် (Ngwe Bike) Application ကို Download ပြုလုပ်၍ စာရင်းပေးသွင်းရမည်ဖြစ်ရာ ကိုယ်ဝန်ဆောင်မိခင်များကို ပုံမှန် ထောက်ပံ့ ပေးနေသည့် ဒေသများတွင် မပါဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များသာ အဆိုပါ ထောက်ပံ့မှုကို ရရှိမည်ဖြစ်သည်။
ထိုသို့ စာရင်းပေးသွင်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ အားလုံးအ နေဖြင့် ထောက်ပံ့ပေးမှုတွင် ကျန်ရှိမှုများ မဖြစ်စေရန်အတွက် အဆိုပါ Application တွင် စာရင်း မသွင်း ရသေးသူများ အား မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ဩဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ထို့သို့လာရောက်စာရင်း ပေးသွင်းရာတွင် ကိုယ်ဝန်ဆောင်မှတ်တမ်းစာအုပ် (သို့) ကိုယ်ဝန် အပ်သည့်အခါ ထုတ်ပေးလိုက်သည့် ဆေး မှတ်တမ်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် လက်ကိုင်ဖုန်းများကိုပါ အတူတကွ ယူဆောင်လာကြရန် သက်ဆိုင်ရာ ရပ်ကွက်များမှ နှိုးဆော်ကြေညာ ပေးလျက်ရှိကြောင်း သိရသည်။
လင်းလင်းထွန်း (ပြန်/ဆက်)