သတင်းများ

လင်းခေးတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက လှည့်လည်နှိုးဆော်
Aug 30,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူလူထုအတွင်း ပိုမိုသိရှိလိုက်နာစေရေး လှည့်လည်နှိုးဆော်ပေး ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက လင်းခေးမြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က မြို့လူစည် ကားရာနေရာတို့တွင် ကွင်းဆင်း ဆောင် ရွက်ခဲ့ကြ ကြောင်း သိရသည်။
စစ်ကိုင်းပညာရေးကောလိပ်တွင် စာကြည့်တိုက် ဆောက်လုပ်မှု (၇၅) ရာခိုင်နှုန်းကျော် ပြီးစီး
Aug 30,2020
စစ်ကိုင်းပညာရေး ကောလိပ်တွင် အလျား(၉၀) ပေ၊ အနံ(၃၀) ပေရှိ နှစ်ထပ် စာကြည့်တိုက် ဆောက်လုပ်လျက်ရှိရာ (၇၅) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး အသိပညာပေး
Aug 30,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ရောင်းချခြင်းရှိ/မရှိ တို့ အားစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ည ၇ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Aug 30,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကြောင့် လူမှုစီးပွားဘဝထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေမည့် Cash For Work စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မင်းဘူးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်း၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများအား ကွင်းဆင်း စစ်ဆေး
Aug 30,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အတွင်းရှိ ဘာသာရေး အဆောက်အအုံများဖြစ်သည့် Church၊ ဗလီ၊ ဘုရားကျောင်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် ကော်မတီဝင်များက ယမန်နေ့မွန်းလွဲ ၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဝေါလေမြိုင်မြို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးလင်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 30,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးလင်းရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဝေါလေမြိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် COVID-19 Economic Relief Planဖြင့် မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 30,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး စိုက်ပျိုးရာသီတွင် ကိုဗစ်−၁၉ ကာလ စီးပွားရေးကု စားမှု COVID-19 Economic Relief Plan အရ ဆောင်ရွက်သောမိုးစပါး(RS-CS)မျိုးစေ့ထုတ်တောင်သူများအား မျိုးကွဲပယ်စရိတ်နှင့် မျိုးစေ့သန့်စင် စရိတ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဘော်ကြိုကျေးရွာအုပ်စု၊ ဆားတွင်းကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများနှင့် (PCN)ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်အဖွဲ့ တို့ပူးပေါင်း ၍ Mask Campaign ပြုလုပ်
Aug 30,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများနှင့် (PCN)ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်အဖွဲ့တို့ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့တွင်း လူအသွားအလာများသည့်​ နေရာများတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။