ဖာပွန် သြဂုတ် ၃၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများနှင့် (PCN)ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်အဖွဲ့တို့ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့တွင်းလူအသွားအလာများသည့် နေရာများတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mask Campaign ပြုလုပ်ရာတွင် ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ထိုက်ယဥ်ဝင်းနှင့်ဝန်ထမ်းများ၊(PCN) ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက်အဖွဲ့မှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်လူငယ်များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကို ပိုမိုသတိပြု ကာကွယ်နိုင်ရေးအတွက် မြို့တွင်းလူအသွားအလာများသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးသီးချင်းများ ဖွင့်ပေးခြင်း၊နေအိမ်မှပြင်ပသို့ထွက်ရာတွင်လည်းကောင်း၊လူထူထပ်သည့် နေရာများသို့ သွားရောက်ရာတွင်လည်းကောင်း၊ နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာရေး နှာခေါင်းစည်း(Mask)များအားအခမဲ့ဖြန့်ဝေပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ကြောင်း၊(PCN) ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက Mask Campaign ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်(PCN)ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်အဖွဲ့မှခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက်အတွက် နှာခေါင်းစည်း(Mask)များ လာရောက်လှူဒါန်းပေးခဲ့ရာ ခရိုင်ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)