သီပေါ သြဂုတ် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရာသီတွင် ကိုဗစ်−၁၉ ကာလ စီးပွားရေးကုစားမှု COVID-19 Economic Relief Plan အရ ဆောင်ရွက်သောမိုးစပါး(RS-CS)မျိုးစေ့ထုတ်တောင်သူများအား မျိုးကွဲပယ်စရိတ်နှင့် မျိုးစေ့သန့်စင် စရိတ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဘော်ကြိုကျေးရွာအုပ်စု၊ ဆားတွင်းကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက မျိုးကွဲပယ်စရိတ်နှင့် မျိုးစေ့သန့်စင် စရိတ်ထောက်ပံ့ငွေများ ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာတွင် ကိုဗစ်−၁၉ ကာလ၌ မျိုးစေ့ထုတ် တောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာ နည်းပညာအားဖြင့် သော်လည်းကောင်း၊ ငွေအားဖြင့် သော်လည်းကောင်း အခက်အခဲမရှိစေရန်နှင့် လာမည့်နှစ်များတွင် နွေစပါး/ မိုးစပါး မျိုးကောင်းမျိုးသန့်များ ဆက်လက်ပွားများ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်မှ (CERP)အရထောက်ပံ့သော မျိုးစေ့ထုတ်တောင်သူများအား မျိုးကွဲပယ်စရိတ်နှင့် မျိုးစေ့သန့်စင်စရိတ် ထောက်ပံ့ငွေ များကို သီပေါမြို့နယ် ဆားတွင်းကျေးရွာရှိ တောင်သူ(၁၄)ဦးအား တစ်ဧက လျှင်ငွေကျပ် ၆၅၀၀၀နှုန်းဖြင့် ဧက(၃၀)အတွက် ၁၉သိန်းခွဲကို ထောက်ပံ့ပေးအပ်ရာ မျိုးစေ့ထုတ်တောင်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)