သတင်းများ

ကျောင်းကုန်းမြို့တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ
Aug 28,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် အသက်(၁၈)ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး သစ္စာစီမံချက်ဖြင့် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ ကျင်းပခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင် အာဟာရရက်သတ္တပတ်အတွင်း အသက် ၁၅ နှစ်အောက်ကလေးများအား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေး
Aug 28,2020
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီက မိခင်ကလေးကျန်းမာရေးဌာနမှ အာဟာရရက်သတ္တပတ်အတွင်း အသက် ၁၅ နှစ်အောက်ကလေးများအား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခဲ့သည်။
မိုင်းပန်မြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း ကျင်းပ
Aug 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့ နံနက် (၁ဝ) နာရီအချိန်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီဝင်များ စုပေါင်း၍ ကျင်းပခဲ့ကြောင်း သိရသည်။
သရက်ခရိုင်၊ အောင်လံမြို့၌ ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 28,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ဆင်သည့်အလေ့အထကောင်းရရှိစေရန်ရည်ရွယ်၍ ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ Mask Campaign အားအရှိန်အဟုနမြှင့် ဆောင်ရွက်ခြင်းကိုယနေ့နံနက်(၉)နာရီက အောင်လံမြို့ မြို့မဈေးကြီး၊ အ−ထ−က(၁)ကျောင်းရှေ့၊ အောင်လံမြို့ တမာပင်တာဂွလမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ဝင်စစ်ဆေးရေး ဂိတ်များ ပြန်လည်ဖွင့်လှစ်
Aug 28,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်တွင် ကျန်းမာရေးစစ်ဆေးရေး လုပ်ငန်းများ ကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ တောင်သူ ၃၉၅ ဦး၏ ရေကြီးနစ်မြုပ်လယ်မြေများအတွက် ထောက်ပံ့ငွေများ ပေးအပ်
Aug 28,2020
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ခုနှစ် မိုးစပါးရာသီတွင် သဘာဝဘေး ကြောင့် ရေကြီးနစ်မြုပ် ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများ၏ လယ်မြေများ အတွက် ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်အထူးစီမံချက်ရုံး MRCS – DRC Project မှ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း သင်တန်းဖွင့်လှစ်
Aug 28,2020
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ကချင်အထူးစီမံချက်ရုံး MRCS – DRC Project မှ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း သင်တန်းဖွင့်ပွဲ ကို ယမန်နေ့ နံနက် (၉) နာရီတွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်ကြက်ခြေနီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ကြက်ခြေနီ ဥက္ကဋ္ဌ ဦးဘရန်ဒီးက တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ဖျာပုံမြို့၌ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀:၃၀)အချိန်တွင် ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်သည်။