ပုသိမ်ကြီး ဩဂုတ် ၂၈
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီက မိခင်ကလေးကျန်းမာရေးဌာနမှ အာဟာရရက်သတ္တပတ်အတွင်း အသက် ၁၅ နှစ်အောက် ကလေးများအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခဲ့သည်။
မြို့နယ်မိခင်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နန်းစိန်ဝင်းမြိုင်နှင့်အဖွဲ့သည် ကျီကုန်းကျေးရွာအတွင်းရှိ အသက် ၆ လမှ ၅ နှစ်ကလေးများကို ဗီတာမင်အေတိုက်ကျွေးပြီး၊ အသက်၂ နှစ်မှ ၁၄ နှစ်ကလေးများကို သံချ ဆေးများတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို