ပေါက်ခေါင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ဝင်စစ်ဆေးရေး ဂိတ်များ ပြန်လည်ဖွင့်လှစ်

ပေါက်ခေါင်း ဩဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်တွင် ကျန်းမာရေးစစ်ဆေးရေး လုပ်ငန်း များကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ  မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ ကျန်းမာရေး၊ ကြက်ခြေနီအဖွဲ့နှင့် ပေါက်ခေါင်းမြို့ လူမှုကူညီရေး အသင်းအဖွဲ့တို့ ပူးပေါင်းပြီး မြို့ဝင်စစ်ဆေးရေးဂိတ်တွင် ရပ်နီး ရပ်ဝေးမှ ခရီးသွားပြည်သူများအား ခရီး သွားရာဇဝင်အချက်အလက်များ ကောက်ယူခြင်း၊ အပူချိန်တိုင်းတာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များ တပ်ဆင်စေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ပြည်သူများအနေဖြင့် အပြင်သို့ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာကြရန်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြား ချက်များအား လိုက်နာကြရန်၊ ရခိုင်ပြည်နယ်မှ ပြန်ရောက် လာသူများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူ များထံသို့ ဆက်သွယ် အကြောင်းကြားရန်တို့ကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် အသိပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ် ကန့်သတ်စောင့်ကြည့်ရေးစင်တာ မြို့နယ် အားကစားခန်းမတွင် နိုင်ငံခြားပြန် (၃)ဦးနှင့် ရခိုင်ပြည်နယ်ပြန်(၅)ဦးတို့ကို ကန့်သတ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)