ကျောင်းကုန်းမြို့တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ

ကျောင်းကုန်း  ဩဂုတ် ၂၈

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် အသက်(၁၈)ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး သစ္စာစီမံချက်ဖြင့် အမှတ်()ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲ  ၁ နာရီက နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပုသိမ်ခရိုင်ဦးစီးမှူး ဦးခင်မောင်မြင့်ကကျွန်တော်တို့ ဌာနအနေနဲ့ကတော့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စဉ်ဆက်မပြတ် တောက်လျောက် လုပ်ပေးနေပါတယ်၊ ပြည်သူတွေမဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အထက်လူကြီးများရဲ့ ညွှန်ကြားမှုနဲ့ ကွင်းဆင်းပြီး ဆောင်ရွက် ပေးလျက်ရှိပါတယ်၊ ဟောဒီ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတဲ့သူ ကာယကံရှင် ကိုယ်တိုင်က ကျွန်တော်တို့ကို တိုင်ကြားရမယ်၊ ကျွန်တော့အမည် မှားနေပါတယ်၊ အဖေနာမည် မှားနေပါတယ်၊ မွေးသက္ကရာဇ်  မှားနေပါတယ် စသည်ဖြင့် သတင်းပို့ပါ၊ အဲဒါမှ သက်ဆိုင်ရာရုံးက ပြင်ပေးပါလိမ့်မယ်၊ မိမိဘာသာ ပြင်တာမျိုးမလုပ်ပါနဲ့၊ ဥပဒေနဲ့ မညီတဲ့အတွက် တရားစွဲခံရနိုင်ပါတယ်ဟု ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင် က သတ်မှတ်ချက်နဲ့ ကိုက်ညီမှသာ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးနိုင်ကြောင်းကို ပြည်သူများအား အသိပေး ရှင်းလင်း ပြောကြားခဲ့ပြီး ပုသိမ်ခရိုင် ဦးစီးမှူး ဦးခင်မောင်မြင့် က နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၀၉)ခုအား ပေးအပ်ရာ အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ထွေးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)