သတင်းများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ အသက်(၁)နှစ်မှ (၁၅) နှစ်အောက် ကလေးငယ်များအား ဆုံဆို့နာ၊ ပိုလီယိုနှင့်၊ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်
Aug 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲမှ အသက် တစ်နှစ်မှ ၁၅ နှစ် အောက် အရွယ်ကလေးများအား ပိုလီယို ဝက်သက်နှင့် ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က နားယောင်းကျေးရွာအုပ်စုရှိ နားအွန်ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်၌ ဆောင်ရွက်ခဲ့သည်။
ကဝမြို့နယ် စည်ပင်သာယာရေးဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် Mask တပ်ဆင်ရန် စစ်ဆေး
Aug 28,2020
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှဦးဆောင်၍ စည်ပင်သာယာရေး ဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးလာရောက် ဝယ်ယူသူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ် သာသနာရေးမှူးရုံး နှစ်ထပ်ဆောင် ဆောက်လုပ်မှု(၉၈)ရာခိုင်နှုန်းပြီးစီး
Aug 28,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သာသနာရေးမှူးရုံး၊ RC နှစ်ထပ် အဆောက်အဦး ဆောက်လုပ်ခြင်း (၉၈) ရာခိုင်နှုန်း ပြီစီးပြီဖြစ်ကြောင်း သိရသည်။
ရှားတောမြို့၌ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချရေး ညွှန်ကြားထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 28,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်း (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ တွင် (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရန် ညွှန်ကြားထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင် နှင့် ကုန်စုံဆိုင်များတွင် ဆောင်ရွက်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် CERP အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူ ၃၃ ဦးအား ထောက်ပံ့ငွေပေးအပ်
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခ ခန်းမတွင်ပြုလုပ် ခဲ့သည်။
ဇီးကုန်းမြို့နယ် ကျန်းမာရေးဌာန ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီမှ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 28,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် သာပေါင်းကျေးရွာအုပ်စုတွင် ဆောက်လုပ်လျက်ရှိသော ကျေးလက်ကျန်းမာရေး ဌာနခွဲ (Sub Center) ဆောက်လုပ်နေမှုအား မြို့နယ်ကျန်းမာရေးဌာန ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီမှ ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မရမ်းကုန်းမြို့နယ်အတွင်း ဖွင့်လှစ်‌ရောင်းချလျက်ရှိသည့် လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင် များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက် ရောင်းချခြင်း ရှိ/မရှိအား ဒုတိအကြိမ် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 28,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လက်ဘက်ရည် ဆိုင်များနှင့် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိအား ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်၉:၃၀ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းခြင်းဆောင်ရွက်
Aug 28,2020
ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။