မူဆယ်မြို့တွင် မြို့ပတ်လမ်း ကွန်ကရစ်ခင်းကျင်းဆောင်ရွက်မှုလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Sep 03,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့စည်ပင်သာယာရေးဌာနက ဒေသနေ ပြည်သူများ ရာသီ မရွေး သွားလာရလွယ်ကူစေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ခရစ်ယာန်ရပ်ကွက်အတွင်းရှိ မြို့ပတ်လမ်းမကြီးအား ကွန်ကရစ် ခင်းကျင်းခြင်း လုပ်ငန်းကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ တတိယ အပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခု အချိန်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။