သတင်းများ

ပုသိမ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေး
Sep 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် အမည်စာရင်းတွင်ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့် ပြည်သူများအား ပုသိမ်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် ၇ နယ်မြေ၊ ရာမည ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၅၀၀ ကျော် ပေးအပ်ခဲ့ပါသည်။
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၆ ဦး နမ့်စန်မြို့မှဖြတ်သန်း ၊ နမ့်စန်ဆင်းခရီးသည် များအား Facility Quarantine အဆောက်အဦသို့ ပို့ဆောင်
Sep 03,2020
ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နေ့လည် ၁ နာရီ ၁၀ မိနစ် တွင် ရောက်ရှိခဲ့ကြောင်းသိရသည်။
လွိုင်ကော်မြို့၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး
Sep 03,2020
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ အိမ်အပြင်ထွက်ခွာရာတွင် Mask တပ်ဆင်သည့် အလေ့အထရရှိစေရေးပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ် နိုင်ရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်း
မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူ(၅)ဦးအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် ဆောင်ရွက်
Sep 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် ဆောင်ရွက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇)နာရီက မြို့မဈေးရှေ့ နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ MASK တပ်ဆင်သွားလာခြင်းမရှိသူ (၅)ဦးအားဒဏ်ပေးစနစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Covid-19 ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သည့်သူများအား နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာများရယူ၍(NHL)အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ပေးပို့
Sep 03,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ဖိုးဦးစိန်တိုက်နယ်ဆေးရုံ Facility Quarantine တွင်ထားရှိသည့် ရခိုင်ပြည်နယ်မှ ပြန်လာသူ(၁၁) ဦးအား Covid-19 ရောဂါပိုးရှိ/မရှိ
ချင်းပြည်နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး ရှောင်တခင် စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 03,2020
ချင်းပြည်နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး ရည်ရွယ်၍ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ပေါ်ရှိ စတိုးဆိုင်များ၊ အိမ်သုံးပစ္စည်းရောင်းဆိုင်များတွင် ချင်းပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ချင်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင် ဦးဆောင်မှုသည့် ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းအား ပြည်သူများသိရှိနိုင်​ရေးနှိုး​ဆော်ခြင်းနှင့် စစ်​ဆေးအ​ရေးယူခြင်းများ​ဆောင်ရွက်
Sep 03,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအားအထောက် အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်အား ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများသိရှိလိုက်နာ စေရန်ရည်ရွယ်၍ ယမန်နေ့ညအချိန်က လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။