မူဆယ်မြို့တွင် မြို့ပတ်လမ်း ကွန်ကရစ်ခင်းကျင်းဆောင်ရွက်မှုလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

မူဆယ်  စက်တင်ဘာ  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့စည်ပင်သာယာရေးဌာနက ဒေသနေပြည်သူများ ရာသီမရွေး သွားလာရ လွယ်ကူစေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ခရစ်ယာန်ရပ်ကွက်အတွင်းရှိ မြို့ပတ်လမ်းမကြီးအား ကွန်ကရစ် ခင်းကျင်းခြင်း လုပ်ငန်းကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ တတိယ အပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခု အချိန်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။                     

အဆိုပါ ခရစ်ယာန်ရပ်ကွက်အတွင်းရှိ မြို့ပတ်လမ်းမကြီးပေါ်တွင် ဒေသခံပြည်သူများ နေ့စဉ် သွားလာ လျက်ရှိရာ မိုးရာသီတွင် ရေများသဖြင့် ချိုင့်ခွက်များဖြစ်ပေါ်ကာ သွားလာရေး အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်းသိရှိရသဖြင့် ယခုဘဏ္ဍာနှစ်တွင် မူဆယ်မြို့စည်ပင်သာ ယာရေးဌာနက တာဝန်ယူပြီး ရှမ်းပြည်နယ် အထွေထွေပိုလျှံခွင့်ပြုရန်ပုံငွေကျပ် (၈၉၉၀၀၀၀/-) ဖြင့် မြို့ပတ်လမ်းအရှည် (၂၂၀’x၁၈’x၆’) ပေအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက် ရှိရာသို့ စက်တင်ဘာ(၃)ရက်နေ့ နံနက်(၈)နာရီ အချိန်တွင် အင်ဂျင်နီယာမှူး၊ ဦးမြင်ကျော်သူနှင့် အဖွဲ့မှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)