နမ့်စန်(တ) စက်တင်ဘာ ၃
ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နေ့လည် ၁ နာရီ ၁၀ မိနစ် တွင် ရောက်ရှိခဲ့ကြောင်းသိရသည်။
မော်တော်ယာဉ် (၅)စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော ခရီးသည် ကျား (၃၅) ဦး နှင့် မ(၅၁) ဦး ၊ စုစုပေါင်း (၈၆)ဦးတို့အား မြို့နယ်မှတာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက် မြို့ဝင် စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ပြီး နမ့်စန်မြို့တွင် ဆင်းသည့် ခရီးသည် (၄)ဦးကို မြို့နယ်ရှိ Facility Quarantine အဆောက်အဦသို့ ပို့ဆောင်ခြင်း ၊ လင်းခေးခရိုင် သို့ဆက်သွားမည့် ခရီးသည် ၆ ဦးကို သက်ဆိုင်ရာ မြို့နယ်များနှင့် ချိတ်ဆက်ကာ ဆက်လက်ပို့ဆောင်ခြင်းများ ဆောင်ရွက်ပေး ခဲ့ပြီး အခြားနေရပ်ပြန် ခရီးသည်များမှာ နေ့လည် ၁ နာရီ ၂၀ မိနစ်တွင် တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)