မန့်ဟီးရိုးမြို့တွင် ပထမအကြိမ် မဲစာရင်း ကြေညာထားရှိမှုတွင် ပြင်ဆင်ဖြည့်စွက် လျှောက်ထားသူများ စာရင်း ပြင်ဆင်

မန့်ဟီးရိုး စက်တင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ(၂၅)ရက်နေ့မှ ဩဂုတ်လ (၁၄)ရက်နေ့ အထိ ကြေညာထားရာသို့ မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းများ လာရောက်ကြည့်ရှုပြီး မဲစာရင်းတွင် ပြင်ဆင်ရန်လိုအပ်သည့် ဒေသခံပြည်သူများသည် သတ်မှတ်ထားသည့် ပုံစံအသီးသီးဖြင့်ပြင်ဆင် လျှောက်ထားလျက်ရှိသည်။             

ထိုသို့မဲစာရင်း ကြေညာကပ်ထားရာတွင် မဲစာရင်းလာရောက်ကြည့်ရှုပြီး ပုံစံ(၃)ဖြင့် တောင်းဆိုသူ ဦးရေ(၁၁၃) ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူဦးရေ(၁၂၁)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူဦး ရေ(၃၃)ဦးနှင့် ပုံစံ(၃-က)ဖြင့် တောင်းဆိုသူဦးရေ(၃၂၅)ဦးရှိကြောင်း၊ မန့်ဟီးရိုးမြို့တွင် မဲရုံပေါင်း (၉)ရုံ၌ မဲပေးနိုင်သူ မဲဆန္ဒရှင်ပေါင်း (၆၃၂၅)ဦး ရှိကြောင်းကိုလည်း မူဆယ်မြို့နယ်ကော်မရှင်ရုံးမှ သိရှိရ သည်။      

မဲစာရင်းတွင် မိမိတို့အမည်မပါသဖြင့် ပုံစံ(၃)ဖြင့် တောင်းဆိုခဲ့ပြီး ပုံစံမှားနေ၍ ပြန်လည် ပြင်ဆင် လျှောက်ထားရန် ရပ်ကွက်စာရေးမှ ပုံစံများပြန်လာပို့ပေး၍ ပုံစံ(၃-က)တွင်ပြည့်စုံစွာ ဖြည့်စွက်ပြီး မဲပေးမည့် ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပြန်လည်ပေးပို့ခဲ့ရကြောင်းကို နိုင်ငံသားတစ်ဦးအနေဖြင့် အသက် (၁၈)နှစ် ပြည့်ပြီးသူတိုင်း ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် မဲပေးနိုင်ရန်နှင့် မဲစာရင်းတွင် ပါရှိနိုင်ရေးလာရောက် လျှောက်ထားတောင်းဆိုသူ ဝန်ထမ်း တစ်ဦးထံမှလည်းသိရှိရသည်။

စန္ဒာ(ပြန်/ဆက်)