သတင်းများ

အဆင့်မြင့်ဈေးချိုတော်မီးအာမခံနှင့် မြေငလျင်အကာအကွယ် ပရီမီယံကြေး စက်တင်ဘာ ပထမပတ်တွင်ပေးသွင်း
Sep 09,2020
မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော်အား မီးအာမခံနှင့်မြေငလျင်အကာအကွယ် အာမခံထားငွေ၏ ပထမနှစ်အတွက် ပရီမီယံကြေးကျပ်သိန်းသုံးရာကို စက်တင်ဘာပထမပတ်တွင် ပေးသွင်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
အိမ်မဲမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည်
Sep 09,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးရန် အသိပညာပေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၊ ရန်ပုံနှစ်ကျေးရွာတွင် ဆဋ္ဌမအကြိမ် မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးပေး
Sep 09,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၃၀၀) ကို ဖွံ့ဖြိုးမှုနည်းသည့် ကျေးရွာများအားရွေးချယ်ပြီး ထုတ်ချေးပေးလျှက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲ အချိန်က ရန်ပုံနှစ်ကျေးရွာတွင် စီမံကိန်းချေးငွေများ ဆဌမအကြိမ်အဖြစ် မြစိမ်းရောင်စီမံကိန်းငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
မိုးနဲမြို့ အော်တိုတယ်လီဖုန်းကြိုးဖုန်းများကို (Fixed Wireless Access) ကြိုးမဲ့စနစ်သို့ အဆင့်မြှင့်တင် ပြောင်းလဲတပ်ဆင်
Sep 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တို အိတ်ချိန်းမှ အော်တို တယ်လီဖုန်း ကြိုးဖုန်းများကို (Fixed Wireless Access) ကြိုးမဲ့တယ်လီဖုန်းစနစ်သို့ အဆင့်မြှင့်တင် ပြောင်းလဲ တပ်ဆင် ပေးခြင်းကို စက်တင်ဘာ ၈ ရက်နေ့က စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည် ။
နွားထိုးကြီးမြို့ ဝင်/ထွက်ကျန်းမာရေးစစ်ဆေးရေးဂိတ်များသို့ နှာခေါင်းစည်း (Mask) နှင့် Face Shield များလှူဒါန်း
Sep 09,2020
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ ဝင်/ထွက်ကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင် ဆောင်ရွက်နေသောဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူမှုရေးအဖွဲ့အစည်းများ ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နွားထိုးကြီးမြို့နယ် သဇင်ကျေးရွာ ဦးထွန်းနိုင်၏ ကိုရီးယားရောက်
မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး
Sep 09,2020
မင်းတပ်မြို့ရှိ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ် ဆင်တဲစျေးတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် Mask များ စနစ်တကျ တပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုပြုလုပ်
Sep 09,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဆင်တဲစျေးတွင်  ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်  ကျန်းမာရေးအသိပညာပေးခြင်း ၊ ပါးစပ် ၊ နှာခေါင်းစည်းMask များစနစ်တကျတပ် ဆင်ရေ
ဆားတောင်မြို့ အနီးကျေးရွာများတွင် ထန်းလက်ကုလားထိုင်များ ပြုလုပ်ရောင်ချသူများ အပိုဝင်ငွေရရှိ
Sep 09,2020
ဆားတောင်မြို့ အနီးရှိ သာယာရွှေကူ၊ ထန်းတောကုန်း၊ ကုက္ကိုတန်း၊ သိမ်ချောင်စသည့် ကျေးရွာ များတွင် ထန်းလက်များဖြင့် လူသုံးကုန်ပစ္စည်းတစ်ခုဖြစ်သော ကုလားထိုင်များကို ပြုလုပ်ရောင်း ချလျက်ရှိရာ မိသားစုအပို ဝင်ငွေရရှိနေကြကြောင်း သိရသည်။