ကန်ပိုက်တီမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Sep 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့ပေါ်ရှိ ပြည်သူများအနေဖြင့် ယခုကာလအတွင်း ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အညီ ဘေးကင်းလုံခြုံစိတ်ချစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် လူဝင်လူထွက်ရှိသော ဟိုတယ်နှင့် တည်းခိုခန်းများအား ယမန်နေ့နံနက်(၁၁)နာရီတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။