ဝန်းသိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်အသစ်များ ပြန်လည် ရွေးချယ် ပွဲပြုလုပ်

ဝန်းသို စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင်  ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာ ဗျူဟာမူ‌ဘောင်ပါ စဉ်ဆက်မပြတ်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူဗဟိုပြု အသွင်ဖြင့် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း (၃၅)ရွာ တွင် ယူနစ်ပေါင်း(၂၁) ယူနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က ထုံးဘို+ အင်းမ+၊ အလယ်ကျွန်း သုံးရွာ တစ်ယူနစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးနှစ်ပြည့် ကော်မတီဝင်အသစ်များ ပြန်လည်အစားထိုးရွေးချယ် ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစီမံကိန်းကော်မတီဝင်များရွေးချယ်ရာတွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးဦးမြတ်မျိုးထွန်း၊ စီမံကိန်းတာဝန်ခံ ဦးဖြိုးကျော်နှင့်ဝန်ထမ်းများ၊ အုပ်စု အုပ်ချုပ်ရေးမှူး တို့ကကြီးကြပ်၍ ကျေးရွာတစ်ရွာလျှင် ကော်မတီဝင် သုံးဦးစီဖြင့် ကျား(၅)ဦး၊ မ(၄)ဦး  စုစုပေါင်း(၉)ဦးတို့ကို အများဆန္ဒနှင့်အညီ ဆန္ဒမဲပေးရွေးချယ်ခဲ့ပြီး ရန်ပုံငွေကြီးကြပ်မှု ကော်မတီတွင်ပါဝင်သောဥက္ကဌ၊ အတွင်း ရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းကိုင်ရာထူးနှင့်  ဘဏ္ဍာရေးဆပ်ကော်မတီ စသည့်လုပ်ငန်းတာဝန်များကို ပေးအပ်ခဲ့သည်။

ထုံးဘို+ အင်းမ+ အလယ်ကျွန်းကျေးရွာ သုံးရွာတစ်ယူနစ်အဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး သုံးရွာပေါင်း အသင်းဝင် (၉၇)ဦးမှရန်ပုံငွေကို လည်ပတ်ဆောင်ရွက်ခဲ့ကြရာ ယခုအခါအတိုးရငွေ ကျပ်သိန်း ပေါင်း(၁၅၀)ကျော် စုဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း စီမံကိန်းတာဝန်ခံ ဦးဖြိုးကျော်ထံမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)