ဒဂုံမြို့နယ်၌ We  Love Yangon အခြေပြု(We Love Dagon  Downtown) ပရဟိတအဖွဲ့မှ PPE ဝတ်စုံ(၈)စုံနှင့်  နှာခေါင်းစည်းMask(၅၀၀) လှူဒါန်း

ဒဂုံ စက်တင်ဘာ ၉


ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း အသုံးပြုနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ We Love Yangon အခြေပြု (We Love Dagon  Downtown) ပရဟိတအဖွဲ့ဝင်များက  ယမန်နေ့ မွန်းတည့်  ၁၂ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ PPEဝတ်စုံ(၈)စုံနှင့် နှာခေါင်းစည်းMask  အခုရေ(၅၀၀) လာရောက် လှူဒါန်းပေးခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးအီနွယ်လှိုင်ပူက လက်ခံ ရယူခဲ့ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းသုံး  ကာကွယ်ရေးပစ္စည်းများ  လှူဒါန်းပေးရာတွင် We  LoveYangon အဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်ကြီးကြပ်မှုဖြင့် We  Love  Dagon   Downtownအဖွဲ့ဝင်များက  ဒဂုံ မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် ကူညီကယ်ဆယ်ရေး  လုပ်ငန်းများတွင် အသုံးပြု နိုင်ရန် အတွက် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။


ဇာဖြူဝင်း(ပြန်/ဆက်)