လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ Covid-19 ကာလအတွင်း အမှတ်(၆)ရပ်ကွက် ၊ အောင်မြင်သာယာဘုရားအနီး သာသနာ့ဗိမာန်တွင် ယမန် နေ့ မွန်းလွဲပိုင်းက Community Base Facility Quarantine Center ဖွင့်လှစ်ရန် ဆွေးနွေးခဲ့ကြ သည်။
ထိုသို့ ဆွေးနွေးရာတွင် Covid-19 ကာလအတွင်း Community Base Facility Quarantine Center အဖြစ်ထားရှိမည့် သာသနာ့ဗိမာန်အတွင်း၊ အပြင်ပတ်ဝန်းကျင် သန့်ရှင်း ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ ကုတင်များပြန်လည်ပြင်ဆင်ထားရှိခြင်းနှင့် Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စောင်ကြည့်လူနာများ ထားရှိရန် ပရဟိတအဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ တို့ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
ယနေ့အချိန်အခါတွင် Covid-19 ရောဂါပိုးပျံ့နှံ့မှု အများအပြားတွေ့ရှိနေရသောကြောင့် Community Base Facility Quarantine Center ပြန်လည်ဖွင့်လှစ်ရန် လှိုင်သာယာမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ သာသနာ့နယက ဆရာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာခင်ရူပါ စိုးနှင့် တာဝန်ရှိ သူများက Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် သာသနာ့ ဗိမာန်တွင် ထားရှိရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)