မှော်ဘီ စက်တင်ဘာ ၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊မှော်ဘီမြို့နယ်တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ကူးစက်ရောဂါ ပျံ့နှံမှု ကိုပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် မှော်ဘီမြို့နယ် စည်ပင်သာယာရေး အဖွဲ့ ဝန်ထမ်းများက ယမန်နေ့ နေ့လည်ပိုင်းတွင် တပ်ကြီးကုန်းကျေးရွာ လေထီးလမ်းနှင့် အမှတ်(၄)လမ်းမ ရှိလက်ဖက်ရည်ဆိုင် များ၊စားသောက် ဆိုင်များ၊ထမင်းဆိုင်များသို့ သွား ရောက်ပြီးလိုက်လံ အသိပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် (၈.၉.၂၀၂၀)ရက်နေ့မှ စ၍ နောက်ထပ်ညွှန်ကြားချက် အမိန့်တစ်စုံတစ်ရာ မရသည့်အချိန်ထိ ဆိုင်အတွင်းဝင်ရောက်စားသောက် သည့်ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်းမပြုရန်နှင့် ပါဆယ် စနစ်ဖြင့်သာရောင်းချပေးကြရန် လိုက်လံအသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)