သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများအား ဆက်သွယ်ရေး(အွန်းလိုင်း)လိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်
Aug 29,2025
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ဆက်သွယ်ရေး(အွန်းလိုင်း)လိမ်လည်မှု တိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပြုလုပ်ခဲ့သည်။
မိုင်းရယ်၌ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား မြန်မာအီလက်ထရောနစ်မဲ‌ပေးစက် (MEVM) အသုံးပြုနည်းစနစ် အသိပညာပေးဟောပြာခြင်းနှင့် စမ်းသပ်ဆန္ဒမဲ‌ပေးခြင်း လက်တွေ့သရုပ်ပြအခမ်းအနား ပြုလုပ်
Aug 29,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်(MEVM) အသုံးပြုနည်းစနစ် အသိပညာပေး ဟောပြာခြင်းနှင့် စမ်းသပ်ဆန္ဒမဲ‌ပေးခြင်း လက်တွေ့သရုပ်ပြအခမ်းအနားကို ယနေ့နံနက် ၉ နာရီက၊ မိုင်းရယ်မြို့ နမ့်ရယ်ခန်းမ၌ ပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် မွန်ဂိုလီးယားနိုင်ငံမှ KHOVD WESTERN FC အမျိုးသမီးဘောလုံးအသင်းတို့၏ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး
Aug 29,2025
မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် မွန်ဂိုလီးယားနိုင်ငံမှ KHOVD WESTERN FC အမျိုးသမီးဘောလုံးအသင်းတို့၏ AFC Women’s Championship League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်ကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။
ကျေးသီးမြို့နယ်၌ MCCT အာဟာရ အသိပညာပေး ဆင့်ပွားသင်တန်း ကျင်းပ
Aug 29,2025
ကျေးသီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော (MCCT)အာဟာရ အသိပညာပေးဆင့်ပွားသင်တန်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်
Aug 29,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ပင်းတယမြို့ Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည့် ဒီဂျစ်တယ် အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Aug 29,2025
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ‌ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ
Aug 29,2025
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန် နှင့်ပြည့်စုံစေရန်၊အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မိုးသောက်ပန်းကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉  နာရီခွဲက  မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် မိုးသောက်ပန်းကိုယ်ပိုင် အထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ ကျင်းပသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ပထမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေး
Aug 29,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ပထမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၁)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၈)ကျောင်းတွင် တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ကြသည်။