သတင်းများ

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားမိဘအစည်းအဝေး ပြုလုပ်
Aug 29,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီက ကျောင်းသားမိဘဆရာအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 29,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် အောင်လံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်
Aug 29,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ရေခါးကျေးရွာ၊ မလွန်ကျေးရွာ၊ ညောင်ပင်သာကျေးရွာနှင့် ရွာတော်ကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် ကျည်တောင်ရေဘေးရှောင်စခန်းမှ ရေဘေးသင့်ပြည်သူများအား တိုင်းရင်းဆေးဖြင့် ‌ကျန်းမာရေးစောင့်ရှောက်မှုပေး
Aug 29,2025
နေပြည်တော်တိုင်းရင်းဆေးရုံကြီး ဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ ရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Aug 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မိုင်းခတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေး၊ လက်တွေ့စမ်းသပ်မဲပေး
Aug 29,2025
ကရင်ပြည်နယ် မြဝတီခရိုင်  မြဝတီမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင် ရန်အတွက် မဲပေးစက်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်းတို့ကို မြဝတီ မြို့ပေါ်ရှိရပ်ကွက်အလိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀နာရီက အမှတ်(၄)ရပ်ကွက်ရှိ တောင်တန်းဘုန်းတော်ကြီးကျောင်း၌လည်းကောင်း၊ မွန်းလွဲ ၂ နာရီ၌  အမှတ် (၄)ရပ်ကွက် တောရဘုန်းကြီးကျောင်း၌ လည်းကောင်း ပြုလုပ်သည်။
ညောင်ဦးခရိုင်တွင် ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Aug 29,2025
ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအစီအစဉ်နှင့် အသေးစားထုတ်ကုန်လုပ်ငန်းရှင် (၂၀) ဦးကို ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
ရေနံချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(တွင်းကုန်း)၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ ထူးချွန်ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကျင်းပ
Aug 29,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(တွင်းကုန်း)မှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ထူးချွန်ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။