သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းနှင့်လူငယ်စကားဝိုင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Aug 29,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကွမ်သဲ(အ.ထ.က)ကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းများဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၈ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနတာဝန်ရှိသူများလာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
လေးဆယ်ကုန်းကျေးရွာ၌ စားအုန်းဆီ(၁)ပိဿာ ငွေ(၇၃၈၅)ကျပ်နှုန်းဖြင့် ရောင်းချပေး
Aug 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ပြည်သူများ စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရေး စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် အလှည့်ကျရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လေးဆယ်ကုန်းကျေးရွာ၌ စားအုန်းဆီ(၁)ပိဿာ ငွေ(၇၃၈၅)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် ပုံတိုက်ကျေးရွာအုပ်စု ဆီကုန်း‌ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းဆောင်ရွက်
Aug 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ပုံတိုက်ကျေးရွာအုပ်စု ဆီကုန်းကျေးရွာ၊ ရှမ်းချယ်ရီခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်
Aug 29,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထားဝယ်မြို့၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Aug 29,2025
တနင်္သာရီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ စက်တင်ဘာ ၇ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ကျင်းပသည်။
ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်
Aug 29,2025
စာဖတ်ခြင်းဖြင့် သင့်ဘဝ၏ အတွေးအခေါ်များကို မြှင့်တင်ပါ၊ ပြန်လည်မျှဝေပေးပါ၊ တစ်ဦးနှင့်တစ်ဦး စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးအသုံးချတတ်စေရန် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် စာရေးဆရာလူထုစိန်ဝင်းရေးသားသည့် လမ်းဖောက်သူဖြစ်ပါစေ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့နေ့လယ် ၁ နာရီက ပလောက်မြို ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး
Aug 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းအုပ်စု၊ ဝက်ချောင်းကျေးရွာ၊ ဇေယျသုခကျောင်းတိုက်၊ ဓမ္မာရုံအတွင်း မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြော
Aug 29,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။