သတင်းများ

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်လှူဒါန်းပွဲ ကျင်းပ
Aug 29,2025
ချမ်းအေးသာစံမြို့နယ် မြို့နယ်စာရေးဆရာအသင်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံသို့ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်  Community Center ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထူးပြုကျောင်းသား/ကျောင်းသူများ၏ အဖွဲ့လိုက်တင်ပြချက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အဖွဲ့လိုက် ပူး‌‌ပေါင်းလုပ်‌ဆောင်မှုစွမ်းရည်နှင့် သင်ရိုးညွှန်တမ်းပါစာများအပြင် ပြင်ပနည်းပညာများကို ပိုမိုလေ့လာသင်ယူနိုင်ရန် ရည်ရွယ်၍ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထူးပြု ကျောင်းသား/ကျောင်းသူများ၏ အဖွဲ့လိုက်ဆွေးနွေးတင်ပြချက် (Presentation)ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပင်းတယမြို့ Community Centre ခန်းမ၌ Book Club ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Aug 29,2025
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)၊ Community Centre ခန်းမ၌ ယမန်နေ့က Book Club ဝင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာ ပါတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေနွေး
Aug 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ မကြာမီအချိန်ကာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပါတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး(၄)ထပ်ဆောင် အစည်း‌အဝေးခန်းမ၌ ကျင်းပသည်။
တောင်တွင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဲပြင်ကျောင်းတိုက်ရှေ့ တံတားအဝပိတ်ဆို့နေမှုအား ခုတ်ထွင်ရှင်းလင်း
Aug 29,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် သြဂုတ်လ ၂၇ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဲပြင်ကျောင်းတိုက်ရှေ့ အလျား (၂၀)ပေ၊ အမြင့် (၁၂) ပေရှိ တံတားအဝပိတ်ဆို့နေမှုအား ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာ အသိပညာပေး
Aug 29,2025
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် Y-Mandalay Hotel ၌ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း(မန္တလေး)တို့မှ ပူးပေါင်းကျင်းပသည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်(၂၉)ရက် နံနက်ပိုင်းက ကျင်းပသည်။
ပြည်ကြီးမဏ္ဍိုင်မြို့၌ ခရမ်းကြွပ်သီးများအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိ
Aug 29,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍  စိုက်ပျိုးရေးကို အခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက် မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းကြွပ်သီးများအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
Aug 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။