ဆိပ်ဖြူ သြဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ဆက်သွယ်ရေး(အွန်းလိုင်း)လိမ်လည်မှု တိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းကို ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်သူများများအနေဖြင့် ခေတ်စနစ်များဖွံ့ဖြိုးတိုးတက်လာမှုနှင့် မသမာသူများက ဆက်သွယ်ရေး(အွန်းလိုင်း)တို့မှ လိမ်လည်ခြိမ်းခြောက်မှုအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်က အမှာစကားပြောကြားပေးပြီး မြို့နယ်ရဲတပ်ဖွဲ့ မြို့မစခန်းမှူး ဒုတိယရဲမှူး သက်နိုင်ဦးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်တို့က ဆက်သွယ်ရေး(အွန်းလိုင်း)တို့မှ လက်ရှိဖြစ်ပေါ်ကြုံတွေ့နိုင်သည့် လိမ်လည်ခြိမ်းခြောက်မှုအန္တရာယ်များနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆိုင်ရာများကို အသိပေးရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)