သတင်းများ

အင်းစိန်မြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး
Aug 29,2025
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိ‌ပြီးစာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ပြည်သူများနှင့် စာသင်‌ကျောင်းများအရောက် စာအုပ်များသွားရောက်‌ဌားရမ်းပေးလျက်ရှိရာ ယနေ့က အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း (အင်းစိန်) နှင့် အင်းစိန်အကျဉ်းထောင်ဝန်ထမ်းအိမ်ရာများထံသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သော တောင်သူများအတွက် ဓါတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲကျင်းပ
Aug 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ တောင်သူများအား ယနေ့နံနက်(၁၁)နာရီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သော တောင်သူများအတွက် ဓါတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နေလယ် ၂ နာရီက အုန်းပင်စုရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။
သာကေတမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၇/အနောက်ရပ်ကွက်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း စိန်ညီလာခန်းမ၌ သာကေတမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပပြုလုပ်သော ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ ညနေ (၂) နာရီခွဲချိန်၌ ကျင်းပခဲ့သည်။
လေရှီးမြို့၌ KG ကျောင်းသားကလေးငယ်များအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်
Aug 29,2025
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား၊ ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းများကို လေရှီးမြို့၊ အ.မ.က(မြို့မ)ကျောင်း၌ ယနေ့နံနက် (၁၁) နာရီခွဲအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်၌ သန့်ရှင်း၍ စိမ်းလန်းစို‌ပြည်သောကျောင်းများ အကောင်အထည်ဖော်နိုင်ရေး ရှင်းလင်းဆွေးပွဲကျင်းပ
Aug 29,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်းအထည်ဖော်နိုင်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တီးတိန်မြို့၌ မိခင်နို့တိုက်ကျွေးမှု စံပြမိခင်နှင့် (၂)နှစ်အောက်စံပြကလေးဆုပေးပွဲ အခမ်းအနားပြုလုပ်
Aug 29,2025
ချင်းပြည်နယ်တီးတိန်မြို့၌ တီးတိန်ခရိုင်နှင့် မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သော မိခင်နို့တိုက်ကျွေးမှုစံပြမိခင်နှင့် (၂)နှစ်အောက်စံပြကလေးများ ဆုပေးအပ်ပွဲကို ဩဂုတ်လ(၂၆)ရက်နေ့က တီးတိန်မြို့ ကုတင် ၁၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဖောင်းပြင်မြို့နယ်တွင် တစ်ဖက်တစ်လမ်းမှဝင်ငွေရသည့် ကွမ်းသီးပင်များစိုက်ပျိုး
Aug 29,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာတွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည့် ကွမ်းသီးပင်များကို ခြံစည်းရိုးတစ်လျှောက်တွင် စိုက်ပျိုးထားပြီး ကွမ်းသီးရောင်းချခြင်းဖြင့် နှစ်စဉ်မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။