သတင်းများ

တန့်ယန်းမြို့နယ်တွင် မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား အမှတ်(၁၀) ရပ်ကွက်၌ ဆောင်ရွက်
Aug 29,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်း၍ အသိပညာပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၁၀) ရပ်ကွက်ရုံး၌ ကျင်းပဆောင်ရွက်သည်။
သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ ချဉ်ပေါင်ဖာလာခူးဆွတ်ခြင်းလုပ်ငန်းများ စတင်လုပ်ကိုင်ဆောင်ရွက်
Aug 29,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်/ နှစ်တိုပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဖာလာစိုပ်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သံတောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် အများအားဖြင့် ဖာလာစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြင့် အဓိကလုပ်ကိုင်ကြပြီး ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ဒေသခံပြည်သူများသည် ဖာလာဆွတ်ခူးခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာတပ်နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး
Aug 29,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို သြဂုတ် ၂၉ ရက် နံနက် ၉ နာရီခွဲက  အမှတ်(၉၉) ခြေလျင်တပ်မဌာနချုပ်ရှိ တပ်နယ်ခန်းမတွင်  ကျင်းပသည်။
ရေဖြူမြို့ အ-လ-က (၁) ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ
Aug 29,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ (ဂ) ရပ်ကွက် အ-လ-က (၁) ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို အ-လ-က (၁) ဘောလုံးကွင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေး ဟောပြောသရုပ်ပြသ
Aug 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်
Aug 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြည်စိန်က နိုင်ငံတော်မူဝါဒနှင့် အညီ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရန်အတွက် ကျောက်ဆည်ခရိုင်ကိုယ်စားပြု မြို့နယ် အသီးသီးမှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အားလုံးက အောင်မြင်အောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆိပ်ဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်
Aug 29,2025
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်
Aug 29,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် တိုင်ဖွန်းမုန်တိုင်း “ကာဂျီကီ”၏ အကြွင်းအကျန်များသည် မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်လာနိုင်သဖြင့် ယာဉ်၊ လှေ၊ လိုအပ်သည့် ဆက်စပ်ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များ၊ အသင့်စုဖွဲ့ထား၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ကြိုတင်လေ့ကျင့်ပြင်ဆင်စုဖွဲ့မှုများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနတွင်  ပြုလုပ်ကြောင်း သိရသည်။