သတင်းများ

နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်
Aug 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVMဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်ရှိ မြို့မဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ ၂ဝ၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်
Aug 30,2025
မွန်ပြည်နယ်အတွင်း မြို့နယ်များအားလုံးတွင် သန့်ရှင်းသာယာလှပပြီး မြို့အင်္ဂါရပ်များနှင့် ကိုက်ညီစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ပတ်လမ်းနှင့် ဒေါင်းဇရပ်မီးပွိုင့်အနီး သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
မိတ္ထီလာမြို့၌ (၁၄၂)ကြိမ်မြောက် သမိုင်းဝင်ကရဝိတ်ဖောင်တော်ဦးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 30,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ (၁၄၂)ကြိမ်မြောက် သမိုင်းဝင်ကရဝိတ်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့မရပ်ကွက် ဖောင်တော်ဦးရင်ပြင်တော်တန်ဆောင်နှင့် စေတီတော်မုခ်ဦတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 30,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မနောမြေပညာရေးစင်တာတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် ၉ နာရီကကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဒေါ်မာလာဝင်းကလူငယ်စကားဝိုင်းကျင်းပ ရသည့်ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။
ဝမ်ဆော့ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Aug 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းလှိုင်နှင့် အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲအချိန်က ဝမ်ဆော့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
စလင်းမြို့နယ် စည်ပင်သာယာရေးရန်ပုံငွေဖြင့် ပေါင်းနားရပ်ကွက် ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မှု (၈၀)ရာခိုင်နှုန်း ပြီးစီး
Aug 30,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊​ ပေါင်းနားရပ်ကွက်နှင့် ကျေးရွာများဆက်သွယ်သည့် ကုန်ထုတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မြေသားလမ်းကျောက်စရစ်လမ်းမှသည်  ကွန်ကရစ်လမ်းအဖြစ်  အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ (၈၀) ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ အာဟာရအသိပညာပေးဆင့်ပွားသင်တန်း ဖွင့်လှစ်
Aug 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ဩဂုတ်လ (၂၈)ရက်၊ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုဘ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်အဆင့် လူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ
Aug 30,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်အဆင့် လူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကျွန်းလှ)ခန်းမ၌ကျင်းပရာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ ဘက်စုံပညာကိုရည် တို့လှမ်းချီ “ သီဆိုဖွင့်လှစ်သည်။