သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (စိုက်မွေး)တွင် KG တန်း ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ဆောင်ရွက်
Aug 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် KG တန်းကလေးငယ်များအား အာဟာရဖွံ့ဖြိုးပြီး ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စိုက်မွေး(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(စိုက်မွေး)တွင် ဆောင်ရွက်ကြကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်စိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ
Aug 30,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဒေသအတွင်း ငါးသယံဇာတ တိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ငါးသားပေါက်စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ဝါးရုံကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Aug 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတွင် ယမန်နေ့ညနေပိုင်းအချိန်က ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ပင်လောင်းမြို့နယ်တွင် မိုးသည်းထန်စွာစွာရွာသွန်းပြီး တောင်ကျရေနှင့် လူနေအိမ်များ ပြိုကျပျက်စီးသွားသည့်နေရာသို့ သွားရောက်ကြည့်ရှု
Aug 30,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် သပြေကုန်းကျေးရွာအုပ်စု ဧဒင်ကျေးရွာနှင့် လက်ဆွဲတမာပင်ကျေးရွာ၌ ဩဂုတ် ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေနှင့်အတူ လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရသည်။ 
ကမမောင်းမြို့တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 30,2025
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်းတို့ကို ကမမောင်းမြို့ပေါ်ရှိ ရပ်ကွက်အလိုက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
လှိုင်မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
Aug 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၈) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဟင်္သာတခရိုင် ၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ မြို့တော်ခန်းမ၌ ဟင်္သာတခရိုင်အဆင့် ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယနေ့နံနက် (၈)နာရီက အဆိုပါနေရာတွင် ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မည် Pilot Project စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်
Aug 30,2025
ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မည့် Pilot Project စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။