သတင်းများ

ဖျာပုံမြို့၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ
Aug 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
ကန်စွန်းရွက်စိုက်ပျိုးခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးသူများ အဆင်ပြေ
Aug 30,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ တောင်သူများအနေဖြင့် ဆန်စပါး၊ ဆီထွက်သီးနှ့မျိုးစုံ၊ ချဉ်မျှင်ရှည်ဝါ စသည့် စီမံကိန်းသီးနှံများစိုက်ပျိုးသည့်အပြင် ကာလရှည်ဖြစ်သည့် သရက်၊ ကွမ်း၊ လျှော်ဖြူသီးနှံများ၊ ကာလတိုသီးနှံများဖြစ်သော ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း၊ ခရမ်း၊ ရုံပတီ စသည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြရာ ရန်ပုံနှစ်ကျေးရွာ၌ ကန်စွန်းရွက်သီးနှံစိုက်ပျိုးခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိသည့်အတွက် ကန်စွန်ရွက်စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ဒေးဒရဲမြို့၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်
Aug 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများ အာဟာရဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အထကောင်းများရရှိစေရေးနှင့် လူသားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မဟာရွှေစည်ကြီးစေတီတော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု လိုက်လံကြည့်ရှုအားပေး
Aug 30,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ စေတီများ၊ ဆေးရုံများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို အပတ်စဥ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်ဝန်းအတွင်း ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကန့်ဘလူခရိူင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးတို့နှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ကျင်းပသော ဥပဒေရေးရာဝန်ကြီးဌာန၏ စတုတ္ထနှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်
Aug 30,2025
ဥပဒေရေးရာဝန်ကြီးဌာန၏ စတုတ္ထနှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် ခရိုင်ကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်
Aug 30,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယနေ့နံနက် (၉)နာရီခွဲက (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ပြည်နယ်အဆင့်) ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ခရိုင်ကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပသည်။
၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ
Aug 30,2025
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
မြဝတီမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 30,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ သစ္စာမဂ္ဂင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး”ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။