သတင်းများ

မင်းလှမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 30,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်‌သော ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
သပြေကုန်းတိုက်နယ်မှ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Aug 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သပြေကုန်းတိုက်နယ်မှ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ (MEVM) စက်နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်က အ.ထ.က သပြကုန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်တက္ကသိုလ် သတ္တဗေဒဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျောက်ဆည်မြို့နယ် ဇီဝနည်းပညာသုတေသနဦးစီးဌာနသို့ သွားရောက်လေ့လာ
Aug 30,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာလဲ့လဲ့ထွန်းဦးစီး၍ ကြီးကြပ်ဆရာ၊ဆရာမများ သတ္တဗေဒဌာနမှ မဟာသိပ္ပံ (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၅)ဦးတို့သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ရှိ ဇီဝနည်းပညာနှင့် သုတေသနဦးစီးဌာနသို့ Lab ခန်းများသို့ သွားရောက်လေ့လာခဲ့ရာ ကျောက်ဆည်မြို့နယ် ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးခိုင်က တွေဆုံအမှာစကား ပြောကြားခဲ့သည်။ 
ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု လျှပ်စစ်ကျွမ်းကျင်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Aug 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် (၄.၈.၂၀၂၅) ရက်နေ့မှ (၂၈.၈.၂၀၂၅) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု လျှပ်စစ်ကျွမ်းကျင်သင်တန်းဆင်းပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ယမုံနာဦးဟိုတယ် Ball Room ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်တာဝန်ခံများနှင့် မန်နေဂျာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ တိုက်ဖျက်ရေးအသိပညာပေး ဆောင်ရွက်
Aug 30,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးစိတ်(၃)၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေးကို ဩဂုတ်လ (၂၈)ရက်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ကျောက်တံခါး) ပတ္တမြားခန်းမတွင် ကျင်းပကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် ခြင်ပြစ်ကိုင်းကျေးရွာ၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေခြင်းဆောင်ရွက်
Aug 30,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ခြင်ပြစ်ကိုင်းကျေးရွာ၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာ ပေးခြင်းကို ယနေ့နံနက်၁၀နာရီအချိန်ကကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ပုဂံမြို့ဟောင်းရှိ အာနန္ဒာမြတ်စွာဘုရားကြီး ကွမ်းတောင်တော်၊ အထွဋ်စေတီ၊ မုခ်ကပ်ဆင်းတုတော် (၂၀) တို့အား ရွှေသင်္ကန်း စတင်ကပ်လှူ
Aug 30,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အနန္ဒာမြတ်စွာဘုရားကြီး ကွမ်းတောင်တော်၊ အထွဋ်စေတီ၊ မုခ်ကပ်ဆင်းတုတော် (၂၀)၊ နတ်မင်းကြီး (၄)ပါးတို့အား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ရွှေသင်္ကန်း စတင်ကပ်လှူပူဇော်လျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်တွင် စာဖတ်ဝိုင်းပြုလုပ်
Aug 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က Book Club အဖွဲ့နှင့် စာ​ရေးဆရာမမစန္ဒာရေးသားသည့် အရိပ်ဝတ္ထစာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။