သတင်းများ

အမရပူရမြို့နယ်၊ ကန်ရိုးကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Aug 30,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် တမုတ်ဆိုးကျေးရွာအုပ်စု၊ ကန်ရိုးကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
သန်လျင်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော
Aug 30,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကကျင်းပသော ဆက်သွယ်ရးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သန်လျင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။
သရက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 30,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်)ကျင်းပခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅)အစည်းအဝေးသို့ တက်ရောက်
Aug 30,2025
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅)အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
တိုက်ကြီးမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဆင့်ပွားအသိပညာပေးပွဲ ကျင်းပ
Aug 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ အွန်လိုင်းပေါ်မှလိမ်လည်မှုများ၊ ငွေကြေးလိမ်လည်မှုများနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်နှင့် သတိပြုရှောင်ရှားနိုင်စေရန်ရည်ရွယ်ကာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဆင့်ပွားအသိပညာပေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ)ရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။
သုံးခွမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေလယ် ၁ နာရီက အထက (မြို့မ)ကျောင်းတွင် ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာတွင် သွေးတိုးနှင့်ဆီးချိုရောဂါရှိလူနာများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး
Aug 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သွေးတိုးနှင့်ဆီးချိုရောဂါရှိသူများအား အဆိုပါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆက်လက်ကွင်းဆင်းဆောင်ရွက်
Aug 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲနှင့်တာဝန်ကျဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့ကနံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ အာသာဝတီလမ်းရှိအောင်ဓမ္မာရုံ၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။