သတင်းများ

ခရမ်းမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁:၃၀) နာရီအချိန်က အ.ထ.က(၂) မြို့မ၊ မြို့မဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အောင်မြေသာစံမြို့နယ်ရှိ အခြေခံပညာအထက်တန်း(အမျိုးသမီး)ကျောင်းတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 30,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၈၂လမ်း၊ ၂၄×၂၅ လမ်းကြား၊ အမှတ်(၈)အခြေခံပညာအထက်တန်း (အမျိုးသမီး)ကျောင်းရှိ အေးသီတာခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့်မြို့နယ်များအားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
Aug 30,2025
၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊ နေပြည်တော်စီပင်သာယာရေးကော်မတီဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဌာနာဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ တက်ရောက်ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း Grade – 12 ကျောင်းသား၊ ကျောင်းသူများအား စာကြည့်ဆိုလာမီးများပေးအပ်၊ ကျောင်းစာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်း၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံ
Aug 30,2025
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်းခွဲများသို့ သွားရောက်ပြီး Grade – 12 ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ စာကြည့်ဆိုလာမီးများ ပေးအပ်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်များလှူဒါန်းကြသည်။
ကျိုက်လတ်မြို့နယ်၌ စက်ရုံ၊ အလုပ်ရုံများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Aug 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသေးစား စက်ရုံ၊ အလုပ်ရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
တောင်ငူမြို့နယ်ရှိ မဲဆန္ဒရှင်​​ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်  လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Aug 30,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်  လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့တွင်ဆောင်ရွက်ခဲ့ သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဘွဲ့ယူသုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားသို့ တက်ရောက်
Aug 30,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဗလငါးတန်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဘွဲ့ယူသုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ကျင်းပရာ ဦးစွာ ဆရာ/မများက "ပညာရိပ်မြုံ ထားဝယ်တက္ကသိုလ်"သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ပွင့်ဖြူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေခြင်းများဆောင်ရွက်
Aug 30,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စွာဆန္ဒမဲပေးနိုင်ရန်အတွက် ရည်ရွယ်ဆောင် ရွက်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်ခြင်းကို ဩဂုတ် ၂၉ ရက်၊ မွန်းလွဲ ၃ နာရီက ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည်။