သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး မင်းဘူး(စကု)မြို့နယ်ရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ
Sep 01,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဥယျာဥ်ဇင်ကျေးရွားအုပ်စု သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူပညာပေးသင်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Sep 01,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ရေဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော
Sep 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရေဘေးအန္တရာယ်ကြောင်းအသိပညာပေးဟောပြောခြင်းကို ဩဂုတ် ၃၀ ရက်  နေ့လယ် ၂ နာရီ အချိန်တွင် အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
မြိတ်မြို့ အ.ထ.က (၁) ကျောင်းတွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Sep 01,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။
တံတားမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Sep 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယ‌နေ့နံနက် ၈ နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
ညောင်ဦးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပလတ်စတစ်အိတ်မသုံးစွဲရေး အမှိုက်စနစ်တကျစွန့်ပစ်ရေး သရုပ်ပြဆောင်ရွက်
Sep 01,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကာ ညောင်ဦးမြို့နယ် ပလတ်စတစ်အိတ်မသုံးစွဲရေး အမှိုက်စနစ်တကျစွန့်ပစ်ရေး လှုပ်ရှားမှုအစီအစဉ်ကို စက်တင်ဘာ ၁ ရက်၊ နံနက် ၉ နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် သရုပ်ပြဆောင်ရွက်ခဲ့သည်။
မြိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်
Sep 01,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို သဘာဝဘေးနှင့် မီးဘေးအန္တရာယ်တို့မှ အချိန်နှင့်တစ်ပြေးညီ ကာကွယ်ပေးနိုင်ရန်အတွက် မြိတ်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂ဝ၂၅)ကို ခရိုင်မီးသတ်ဦးစီးဌာနတွင် စက်တင်ဘာ၁ရက် နံနက်ပိုင်းက ဖွင့်လှစ်သည်။
ဘိုကလေးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ
Sep 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချိုကြည့်သာသနာ့ဗိမာန်တွင် ယနေ့ နံနက်(၉)နာရီအချိန်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၅)ဖွင့်ပွဲ ကျင်းပဆောင်ရွက်သည်။