သတင်းများ

ကလေးမြို့တွင် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Sep 02,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့တွင် ၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နချုပ် (ကလေး)၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ် ရသေ့ပျံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တစ်ထပ်ခန်းမဆောင်သစ် ဖွင့်လှစ်
Sep 02,2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၏ (၉၀ x ၃၀)ပေ RC တစ်ထပ်၊ ပညာ့ဆိင့်ပြေလင်ဍာ (ပွန်ညာ့ဆိန့်ပလေလောင်ဒါ) ခန်းမဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက အဆိုပါခန်းမဆောင်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
နမ့်စန်မြို့တွင် အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Sep 02,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မိုးရိပ်ရှမ်းတောင်လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်သော မိုးရိပ်ရှမ်းတောင်(၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပခဲ့သည်။
မိုးညှင်းမြို့၌ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 02,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီက စုပေါင်းရုံးအနီး ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့၊ အ.ထ.က(ဘီးလင်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်စကားဝိုင်းပြုလုပ်
Sep 02,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ဘီးလင်း)ကျောင်း၊ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်၌ ၂၀၂၅- ၂၀၂၆ခုနှစ်မိုးစပါး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဥ်တွင် ပါဝင်ခြင်းမရှိသောတောင်သူများအား ဓာတ်မြေသြဇာများ စျေးနှုန်းသက်သာစွာဖြန်ဖြူး ပေးအပ်ပွဲအခမ်းအနားကျင်းပ
Sep 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျေးရွာအုပ်စုများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသည့် တောင်သူများအတွက် ဈေးနှုန်းသက်သာသောသွင်းအားစု ဓာတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ဒေးဒရဲမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစိစစ်မှုများအား ကြည့်ရှုအားပေး
Sep 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆောက်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တော်ကမယ်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့တွင် ကလေးအသက်(၂)လမှ (၁)နှစ်ခွဲအထိ ပုံမှန်ကလေးကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်
Sep 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကလေးကာကွယ်ဆေးထိုးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က စတင်ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။